My Softwares
The collections of Softwares & Freewares.
The collections of Softwares & Freewares.
Jan 23rd
MiniLyrics1.72 MB အရွယ်ပမာဏ ရှိပြီး အခမဲ့ download ရယူကာ အသုံးပြုနိုင်တဲ့ software ဖြစ်ပါတယ်။ Windows 98, Windows Me, Windows 2000, Windows XP, Windows 2003, Windows Vista နဲ့ Windows 7 တို့မှာ အသုံးပြုနိုင်ပါတယ်။ MiniLyrics ဟာ သီချင်းစာသားတွေကို အလိုအလျောက် ဖော်ပြပေးမယ့် software ဖြစ်ပါတယ်။ သီချင်း database များကို နေ့စဉ်နဲ့အမျှ တိုးပွားကာ ရရှိနိုင်ပြီး Winamp, Windows Media Player, iTunes, Foobar 2000, Real Player, Media Monkey, Jet Audio, XM Play, Yahoo Music Jukebox, Quintessenial Player, Music Match Jukebox, The KM Player, Media Jukebox နဲ့ J.R Media Center တို့နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ စိတ်ဝင်စားတယ်၊ သုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ရယူသုံးစွဲနိုင်ပါတယ်။ Ref: အင်တာနက်ဂျာနယ် (အတွဲ ၁၀၊ အမှတ် ၅၁) |
Jan 23rd
Subtitle တွေကို Edit လုပ်ရအောင်…1.22 MB အရွယ်ပမာဏရှိပြီး အခမဲ့ download ရယူကာ အသုံးပြုနိုင်မယ့် Software ဖြစ်ပါတယ်။ Windows 98, Windows 2000 နဲ့ Windows XP တို့မှာ အသုံးပြုနိုင်ပါတယ်။ Subtitle Edit ဟာ ရုပ်ရှင်စာတန်းများကို ပြုပြင်ပေးနိုင်မယ့် Software ဖြစ်ပါတယ်။ မည်သည့် စာတန်းထိုးများကိုမဆို စတင်ချိန်များ သတ်မှတ်ပေးနိုင်ပြီး Online မှ စာသားများကိုလည်း Export/Import ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် စာကြောင်းအရေအတွက်၊ စာလုံးအကွားအဝေး စသည်တို့ကိုလည်း လိုသလို ချိန်ညှိနိုင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ စိတ်ဝင်စားတယ်၊ သုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ရယူသုံးစွဲနိုင်ပါတယ်။ Ref: အင်တာနက်ဂျာနယ် (အတွဲ ၁၀၊ အမှတ် ၅၁) |
Jan 23rd
Secunia Personal Software InapectorSecunia Personal software Inspector 1 520.2 KB ပမာဏရှိပြီး အခမဲ့ ရယူနိုင်ပါတယ်။ Windows 2000/XP/2003 server/Vista တို့တွင် ရယူသုံးစွဲ နိုင်ပါတယ်။ အကန့်အသတ် တွေလည်း ရှိမနေပါဘူး။ REF: INTERNET JOURNAL (DECEMBER 4,2008) |
Jan 2nd
Advanced System Protector Personal EditionAdvanced System Protector Personal Edition 2.0 6.28 MB ပမာဏရှိပြီး အခမဲ့ ရယူနိုင်တဲ့ ဆော့ဖ်ဝဲပါ။ Windows 2000/XP/Server 2003/Vista တို့အပေါ်မှာ သုံးနိုင်ပါတယ်။ အကန့်အသတ်တွေလည်း ရှိမနေပါဘူး။ Advanced System Protector ဟာ ကွန်ပျူတာအတွင်းမှာရှိတဲ့ အဖျက်စွမ်းအား ရှိတဲ့ ပရှိဂရမ်တွေကို ရှာဖွေပြီး ဖယ်ရှားပစ်နိုင်စွမ်း ရှိပါတယ်။ Start-up ပရိုဂရမ်တွေ၊ cookie တွေ၊ Registry Entries တွေနဲ့ System ထဲမှာ ကွယ်ဝှက်နေတဲ့ File တွေနဲ့ Folder တွေကို ရှာဖွေပြုပြင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ Spyware, adware, malware, riskware, key logger တွေ၊ trojan တွေ၊ sniffer တွေ၊ BHO တွေ၊ exploit တွေ၊ worm တွေ စောင့်ကြည့်နေတဲ့ ပရိုဂရမ်တွေကို scan လုပ်နိုင်စွမ်း ရှိပါတယ်။ REF: INTERNET JOURNAL (DECEMBER 4, 2008) |
Dec 24th
Partition ခွဲကြမယ်…Easeus Partition Manager 4.1.1(File Management) 8.8 MB ပမာဏ ရှိပြီး အကန့်အသတ်တွေ မရှိပါဘူး။ Windows 2000/XP/Vista တို့မှာ ဒီဆော့ဖ်ဝဲကို သုံးစွဲနိုင်ပါတယ်။ REF: INTERNET JOURMAL (OCTOBER 2008) |
Nov 16th
Password Manager 736.56 MB ပမာဏရှိပြီး အခမဲ့ ရယူနိုင်ပါတယ်။ အကန့်အသတ်တွေလည်း ရှိ မနေပါဘူး။ Windows NT / 2000 / XP / 2003 Server / Vista တို့တွင် သုံးနိုင်ပါတယ်။ REF: INTERNET JOURNAL (DECEMBER 4, 2008) |
Oct 25th

ဝက်ဘ်ဆိုက်တွေထဲကို Log in လုပ်တဲ့အခါမှာ အသုံးပြုရတဲ့ Register လုပ်ထားတာတွေကို လျင်မြန် လွယ်ကူစွာနဲ့ လုံခြုံစိတ်ချစွာ ဖောင်ဖြည့်နိုင်ဖို့ အတွက်ပါ။ အသုံးပြုသူတိုင်ရဲ့  နာမည်နဲ့ လျှို့ ဝှက်စာလုံးတွေ အားလုံးကို လုံခြုံစိတ်ချစွာ သိမ်းဆည်းပေးမှာပါ။ ပြီးရင် ကိုယ် အဲဒီဆိုက်ထဲ ဝင်တဲ့အခါ အော်တိုပြန်ဖြည့်ပေးမယ်။ RoboForm ရဲ့  ဒီစွမ်းအင်မြင့် Log in Feature ကြောင့် အွန်လိုင်း အကောင့်တွေထဲကို Manual အတိုင်း Log in လုပ်ရတာကို လွမ်းနေတော့မှာ အမှန်ပါပဲ။ Click တစ်ချက်ပဲ နှိပ်လိုက်တာနဲ့ User Name နဲ့ Password တွေကို တခါတည်း navigate လုပ်ပြီး submit လုပ်ပေးမှာပါ။
REF: Time to Time (September 30, 2009)
Oct 25th
အိမ်မှာ ကွန်ပျူတာတော့ ရှိတယ်။ Internet မရှိဘူး။ အင်တာနက်ကို ပိုက်ဆံပေးပြီး သုံးစွဲ ရတာကလည်း cyber cafe ရောက်တဲ့အခါမှာ စာရိုက်နေရတာနဲ့ အချိန်ကုန်တာပဲ။
ဖြစ်ချင်တာက blogger ဖြစ်နေတာက စာစီသမား အဲဒီလိုမျိုး တဖွဖွ ဖြစ်နေတဲ့ လူငယ်တွေကိုတော့ coffee cup blogging software လေးကို ညွှန်းဆိုချင်တယ်။ အိမ်မှာရှိတဲ့ PC မှာ အဆင်သင့်ရိုက်ပြီး ‘html’ file တွေ ရရှိလာတဲ့ အခါမှာ cyber cafe မှာ copy paste လုပ်လိုက်ရုံနဲ့ကို ဆင်ပြေ စေပါတယ်။
Blog တွေကို offline ရေးသားဖို့အတွက် ဖန်တီးပေးထားတဲ့ ပရိုဂရမ်ငယ်လေးဟာ 17.91 MB ပဲ ရှိပြီး ရုပ်ပုံတွေ၊ သီချင်း ဖိုင်တွေနဲ့ movie ဖိုင်တွေက အစ ပေါင်းထည့်နိုင်ပြီး အဆင့်မြင့်တဲ့ပြက္ခဒိန်တစ်ခု ပါရှိတဲ့ အပြင် blog ရေးသားတဲ့ လူငယ် လက်သင်တွေကို ညွှန်ပြထားတဲ့ sample file တချို့ ပါဝင် ပါသေးတယ်။ အလွန် ကောင်းမွန်ပြီး ရိုးရှင်းလွယ်ကူတဲ့ ဆော့(ဖ်)၀ဲလေးကို အခမဲ့ လိုချင်တယ် ဆိုရင်တော့ Coffee Cup ကို အရောက် သွားပြီး download ရယူဘို့ လိုပါလိမ့်မယ်။
REF: ကွန်ပျူတာဂျာနယ် (၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီလ)။
Oct 25th
1.52 MB ပမာဏရှိပြီး အခမဲ့ ရယူနိုင်တဲ့ Freeware ဖြစ်ပါတယ်။ အကန့်အသတ်တွေ မရှိပါဘူး။ Windows 2000/ XP/ 2003 Server နဲ့ Vista တို့ထဲက တစ်ခုခုရှိဖို့တော့ လိုအပ်ပါတယ်။ Revo Uninstaller ဟာ Uninstall Utility ဖြစ်ပြီး Windows Add/Remove applet ထက် ပိုမို မြန်ဆန်ပါတယ်။ Revo Uninstaller က application ကို uninstall မလုပ်ခင်နဲ့ လုပ်ပြီးတဲ့ အချိန်တွေမှာ Scan ဖတ်ပေးမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ ဖိုင်တွေ၊ Folder တွေနဲ့ registry key တွေကို ကွန်ပျူတာကနေ ဖြုတ်ပေးမှာဖြစ်ပြီး တစ်ဝက်တစ်ပျက်ဖြစ်နေတဲ့ application တွေကိုပါ ရှာပြီး ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ပြီးတော့ အဲဒီ application တွေကို registry ကနေပါ ရှင်းပေးမှာ ဖြစ်ပါတယ်။
Oct 25th
Acelogix ကနေဖြန့်ချိလိုက် တဲ့ Ace Utilities ဟာ ကွန်ပျူတာကို အမြဲတမ်းစွမ်းဆောင်ရည် မြင့်မား နေအောင် လုပ်ဆောင်ပေး နိုင်မယ့် System Maintenance ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး လုပ်ဆောင်ချက်တွေ အစုံအလင် ပါရှိတဲ့အပြင် ဈေးနှုန်းလည်း သက်သာတာကြောင့် အသုံးပြုသူတွေ သဘောကျကြမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ ပီစီကွန်ပျူတာ အတွင်းက temporary ဖိုင်တွေနဲ့ မလိုအပ်တော့ဘဲ junk ဖိုင်တွေကို ရှင်းလင်းပြီး Windows registry အတွင်းကပရိုဂရမ်တွေနဲ့ အဆက် အသွယ်မရှိတော့ဘဲ entry တွေကို ရှင်းလင်းပေးခြင်း၊ browser အတွင်းက cache တွေ၊ cookies တွေကို ရှင်းလင်းခြင်းတို့လည်း လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Startup Manager, Start Menu နဲ့ Desktop အတွင်းကတခြားဖိုင်တွေ၊ ပရိုဂရမ်တွေနဲ့ ချိတ်ဆက်မှု မရှိတော့တဲ့ shortcut တွေကို ပြင်ဆင်ပေးမယ့် လုပ်ဆောင်ချက်၊ harddrive၊ အတွင်းက update ဖိုင်တွေကို ရှင်းလင်းပေးမယ့် လုပ်ဆောင်ချက်နဲ့ application တွေကို အလွယ်တကူ uninstall ပြုလုပ်နိုင်မယ့် လုပ်ဆောင်ချက် စတာတွေ ပါဝင်လာတာကို တွေ့ရ ပါတယ်။ ဒီပရိုဂရမ်ကနေ application ပေါင်း ၂၀၀ ကျော်တို့ရဲ့အသုံးပြုမှု history ကို ဖယ်ရှား ရှင်းလင်းပေးမယ့် Plug-in တို့ကိုလည်း ပေးထားတာကိုတွေ့ရပါတယ်။ ကုမ္ပဏီကနေ Ace Utilities ဆော့ဖ်ဝဲကို ရက်ပေါင်း ၃၀ အခမဲ့ စမ်းသပ် အသုံးပြုခွင့်ပေးထားပြီး ၀ယ်ယူဖို့ အတွက်ကတော့ ၂၉ ဒေါ်လာ သတ်မှတ်ထားတဲ့အကြောင်း သိရပါတယ်။
Soft Sea ကနေ လေ့လာသုံးသပ်မှုအရ ဒီဆော့ဖ်ဝဲဟာ အလားတူ System Maintenance ဆော့ဖ်ဝဲတွေထက် သာလွန်ကောင်းမွန်ပြီး ကြယ်၅ပွင့်အဆင့်အဖြစ် အမြင့်ဆုံး သတ်မှတ်ခံထားရတာကို တွေ့ ရပါတယ်။ ပရိုဂရမ်ရဲ့ interface ကရှင်း လင်းပြီး navigate လုပ်ရာမှာ ဒီ Ace Utilities အတွင်း က All-In-One Wizard ကိုအသုံးပြုခြင်းဖြင့် လုပ်ဆောင်ချက်အားလုံးကို တစ်ပြိုင်တည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ One-Click Maintenance က registry အတွင်းမှာ တခြားပရိုဂရမ်တွေနဲ့ အချိတ်အဆက် မရှိတော့တဲ့ entry တွေကို ဖယ်ရှားပေးခြင်း၊ Folder အလွတ်တွေ၊ နှစ်နေရာမှာ ထပ်နေတဲ့ ဖိုင်တွေ၊ temporary ဖိုင်တွေ၊ ပရိုဂရမ်တွေနဲ့ အချိတ်အဆက် မမိတော့တဲ့ shortcut တွေ အားလုံးကို ဖယ်ရှားခြင်းစတာတွေလုပ်ဆောင်ပေးခြင်းစတာ တွေလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ပရိုဂရမ် တစ်ခုကို delete လုပ်လိုက်မိပြီးနောက် Add/Remove Program ထဲကျန်ရှိနေခဲ့တဲ့ reference တွေကို ဖယ်ရှားရှင်းလင်းပေးရာမှာလည်း ကူညီနိုင်မယ်လို့ ဆိုထားပါတယ်။ Startup Manager နဲ့ Startup Guard တို့ကတော့ ပရိုဂရမ်တစ်ခုကို install လုပ်လိုက်ပြီး Window ရဲ့ startup ထဲ ၀င်ရောက်လာတဲ့အခါ လက်ခံမလားဆိုတာကို ရွေးချယ် သတ်မှတ်ပေးနိုင်မယ့်အပြင် startup ထဲ မှာရှိပြီးသားပရိုဂရမ်တွေကိုလည်း အလွယ်တကူ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ Hardware diagnostics tool က hardware။ တွေကို မှန်မှန်ကန်ကန် install လုပ်ထား၊ မထားဆိုတာနဲ့ ပုံမှန် အလုပ်လုပ်ဆောင်နေခြင်း ရှိ၊ မရှိ ဆိုတာတွေကိုစစ်ဆေးပေးရမှာ ဖြစ်ပါတယ်။ Windows အတွင်း run နေတဲ့ ပရိုဂရမ်တွေရဲ့ process ကို အလွယ်တကူ အဆုံးသတ်ပေးနိုင်မယ့် လုပ်ဆောင်ချက်ကြောင့်လည်း ကွန်ပျူတာထဲ spyware တွေ ၀င်ရောက်နေတဲ့ အခါမျိုးတွေမှာ ရှင်းလင်းဖယ်ရှားပေးပစ်နိုင်မှာ ဖြစ်ပါတယ်။
ဒီ Ace Utilities ရဲ့အကောင်းဆုံးလို့ သတ်မှတ်ရနိုင်တဲ့ လုပ်ဆောင်ချက်ကတော့ Registry Repair tool ပဲဖြစ်ပါတယ်။ Registry ဆိုတာဟာ Windows အတွက် အထိအခိုက်အတိမ်းအစောင်း လုံးဝမခံနိုင်တဲ့နေရာ ဖြစ်တာကြောင့် registry ကိုရှင်းလင်းပြီး တိုင်းမှာ Ace Utilities uae Undo ဖိုင်တစ်ခုဖန်တီးပေးထားပြီး နောက်ပိုင်းမှာပြဿနာတစ်စုံတစ်ရာ ကြုံလာရပါကအလွယ်တကူ restore ပြုလုပ်နိုင်အောင် သိမ်းဆည်းပေးထားတာကို တွေ့ရ ပါတယ်။ Secure Delete လို့ အမည်ပေးထားတဲ့ tool ကတော့ ကွန်ပျူတာထဲကနေ ဖျက်လိုက်ပြီးသား ဖိုင်တွေကို တခြားပရိုဂရမ်တွေသုံးကာ ခေါ်ယူကြည့်ရှုလို့ မရ နိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ စံညွှန်းအရဖျက်လိုက်ပြီးသားဖိုင်တွေအပေါ် အဓိပ္ပါယ်မဲ့ အချက်အလက်တွေ ၃ ကြိမ် ထပ်ပြီးရေးသား ပါက လုံခြုံတယ်လို့ယူဆပြီး အမေရိကန်စစ်တပ်ကတော့၇ကြိမ်ထပ်ကာ ရေးသားလေ့ရှိပေမယ့်ဒီ Ace Utilities ကတော့ harddrive အတွင်းကနေ လုံးဝခေါ်ယူ ကြည့်ရှုလို့ မရနိုင်ဖို့အတွက်အဓိပ္ပါယ်မဲ့အချက် အလက်တွေ၁၀ကြိမ်ထပ်ကာရေးသားပေးနိုင်မယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် hard drive အတွင်းက အသုံးမလို တော့တဲ့ ဖိုင်တွေကိုရှင်း လင်းဖို့အတွက် Clean Disk tool, Broken Shortcut Cleaner, Disk Analysis tool နဲ့ Auto-Update လုပ်ဆောင်ချက်တို့လည်း ပါရှိလာတာကို တွေ့ရပါတယ်။ Acelogix Software ကနေ ဒီပရိုဂရမ်ဝယ်ယူသူတိုင်းအတွက် online FA စာမျက်နှာတစ်ခု ပေးထားပြီး အခက်အခဲတွေ၊ ပြဿနာရပ်တွေကို e-mail ကနေဖြေရှင်းပေး မယ့်ဝန်ဆောင်မှုတစ်ခုလည်းပေး ထားတာကိုတွေ့ရပါတယ်။ ခြုံပြီးသုံးသပ်ရရင်တော့ Ac-elogix Software ရဲ့ Ace Utilities ဟာဈေးနှုန်းအားဖြင့် သက်သာတဲ့အပြင် ကွန်ပျူတာအတွက် လိုအပ်သမျှ Utilities တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားပြီးအလွယ်တကူ အသုံးပြုကာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်အောင်လုပ် ဆောင်ပေးနိုင်တာကြောင့် အသုံးပြုသူတွေ သဘောကျနိုင်ကြမှာ ဖြစ်ပါတယ်။
Internet ဂျာနယ်
Oct 25th
14.55 MB အရွယ်ပမာဏရှိပြီး အခမဲ့ရယူအသုံးပြုနိုင်မယ့် Software လေးတစ်ခု ဖြစ်ပါတယ်။ Windows 2000, Windows 2003, Windows XP နဲ့ Windows Vista တို့မှာ အသုံးပြုနိုင်ပါတယ်။ အခြားလိုအပ်ချက်နဲ့ ကန့်သတ်ချက်များ မရှိပါဘူး။ ဒီ Software ဟာ Adobe နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ PDF File တွေကို ပြုလုပ်ပေးတဲ့ Software ဖြစ်ပါတယ်။ မည်သည့် Software Application မှမဆို PDF File များကို အလွယ်တကူ ဖန်တီးပြုလုပ်နိုင်ပါတယ်။ ဒီ Version မှာ PDF Tools လို့ခေါ်တဲ့ additional application ပေါင်းစပ်ပါဝင်လာပါတယ်။